မလေးရှားနိုင်ငံကွာလာလမ်ပူမြို့လယ်တွင်လူဆိုးများသောင်းကြမ်းနေပါတယ်။နေ့တိုင်းလိုလိုပင်လုယက်မှု၊ဓါးမြတိုင်မှုများ
ဖြစ်ပေါ်နေပါတယ်။လူဆိုးဂိုဏ်အများစုမှာမလေးရှားလူမျိုးများနှင့်အိန္ဒိယနိုင်ငံသားများဖြစ်ကြပါတယ်။မနေ့ကလည်းကရင်
လူငယ်တစ်ဦးအရိုက်ခံလိုက်ရပါတယ်။
သူ့ကိုမလေးလူဆိုးဂိုဏ်းမှလူငယ်သုံးဦးက၀ိုင်းရိုက်လိုက်တာဖြစ်ပါတယ်။သူ့ကိုပုလင်းနဲ့
ရိုက်ပြီးပစ္စည်းများအားလုံးကိုလုယူလိုက်ကြပါတယ်။အခင်းဖြစ်ပြီးနောက်မလေးရှားကရင်အဖွဲ့အစည်း(M.K.O)မှသွား
ရောက်ကြည့်ရူပြီးကွာလာလမ်ပူမြို့ရှိ(DHKL)ဆေးရုံးသို့အရေးပေါ်ကားဖြင့်သွားရောက်ဆေးကုပေးခဲ့ပါတယ်။
Tuesday, May 26, 2009
ကရင်လူငယ်တစ်ဦးအရိုက်ခံလိုက်ရပြန်ပြီ
Monday, May 25, 2009
မလေးရှားမှာ ဓါးမြများသောင်းကြမ်းနေ
သတိထားကြဗျာ.....
သူကမလေးရှားကိုကရင်ဒုက္ခသည်အဖြစ်နဲ့ရောက်နေတာ (၆)နှစ်ရှိနေပြီ အလုပ်ချိန်ကညဘက်ဆိုတော့ ဓါးမြတွေရဲ့ ရန်ကိုရှောင်တဲ့ကြားက၃ရက်ဧပြီ ၂00၉ ည(၉)နာရီမှာမမျှော်လင့်ဘဲဓါးမြတိုက်ခံခဲရတယ်။ ဆိုင်ကယ်ဦးထုပ်နဲ့အရိုက်ခံ
ရပြီးထိုးကြိတ်ကန်ကျောက်တာတွေခံခဲ့ရပါတယ်။
ခေါင်းမှာလေးချက်ချူပ်ပြီး မျက်လုံးတွေမှာလည်း ညိုမဲဖူးရောင်လို့ပေါ့။ သူ့အဖြစ်ကဆိုးပါတယ် အဲဒီညမှာဘပဲ သူ့မိန်းမ
ကို မလေးရှား လ၀က ရဲတွေကဖမ်းသွားပါလေရော...သူ့မိန်းမကိုလည်းပြန်ရွေးလို့မရပါဘူး။
ကရင်စကားပြန်အလိုရှိသည်
Urgently,
Dear Karen Friends,
In Malaysia there are around 6000 Karen and majority of them are illegal and live in the jungle of Malaysia . They are always chasing by the Malaysian police and if captured they are in serious situation.
Malaysia Karen Organisation (MKO) is trying to help them as much as they can. They are now trying to register them with UNHCR for a possibility to be resettled in the countries. However, due to the storage of Karen people who can speak both Karen and English and the majority of Karen cannot speak or understand Burmese, they have a big problem to fulfil the UNHCR's criteria.
This week Tuesday Malaysia UNHCR required 20 Karen Interpreters who speak both good English and Karen. Therefore, MKO would like to invite any Karen who would like to come and help our fellow Karen who live in the jungle in Malaysia .
Our fellow Karens in Malaysia are in serious situation. If you would like to find out more or want to go and help them, please contact MKO Chairperson Mahn Sein Than on +60... or you can email him at mahnseinthan2007@yahoo.com
Please pass this information on. Also if you have any other idea or suggestion how we Karen communities around the world could do to help to raise awareness about this situation please contact me.
In solidarity,
Nant Bwa Bwa Phan
Vice Chairperson
Karen Community Association UK
Firefox ရဲ့ Keyboard shorcuts key များ
Ctrl + D = bookmark ထဲသို့ထည့်ပေးမည်။နောက်သို့ပြန်သွားမည်။
Ctrl + I = bookmark လုပ်ပေးမည်။
Ctrl + W = tab ကိုပိတ်ပေးမည်။
Ctrl + Shift + W = windows ကိုပိတ်ပေးမည်။
Ctrl + Enter = (.com) domain ပေါင်းထည့်ပေးမည်။
Shift + Enter = (.net) domain ပေါင်းထည့်ပေးမည်။
Ctrl + Shift + Enter = (.org) domain ပေါင်းထည့်ပေးမည်။
Ctrl + C = (copy) မိတ္တူကူးပေးမည်။
Ctrl + X = (cut) Clipboard ပေါ်ခေတ္တတင်းပေးမည်။
Ctrl + V = (paste) ရွေးချယ်ထားသော item ကိုပြန်လည်နေရာချပေးမည်။
Ctrl + (+) = စာသားများကြီးလာမည်။
Ctrl + (-) = စာသားများသေးလာမည်။
Del = ဖျက်ပေးမည်။
ဗိုလ်ချုပ်ကြီးစောဘိုမြကိုယ်ရေးအကျဉ်း
၁၉၂၇ ခုနှစ်ဇန်န၀ါရီလ (၂၀) ရက်နေ့တွင်ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထီးမူခီးရွာတွင်မွေးဖွားခဲ့ပါသည်။ ၁၉၃၆ ခုနှစ်ဖာပွန်မြို့တွင် မူလတန်းပညာသင်ကြားခဲ့သည်။
၁၉၄၂ခုနှစ်တွင်ဂျပန်ခေတ်တွင်Forceof(၁၃၆)တွင်အမှုထမ်းခဲ့ပြီး၁၉၄၅ခုနှစ်တွင်အထူးရဲတပ်ဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၉တွင်ကရင့်တော်လှန်ရေးသို့စတင်ဝင်ရောက်ပြီးဒိုက်ဦး၊ပြွန်တန်ဆာ၊ညောင်လေးပင်တိုက်ပွဲတွင်တပ်ကြပ်၊၁၉၄၉ခုနှစ်တပ်ကြပ်ကြီး၊
သံလွင်တပ်ရင်း၊၁၉၅၀ ခုနှစ်တပ်ခွဲမှူး၊ ၁၉၅၆ ခုနှစ်တပ်ရင်းမှူး၊ ကရင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တပ်ရင်း(၁)ဖာပွန်၊ ဖားအံ၊ ဒူပလာယာ ၁၉၅၈ ခုနှစ်ဇုံမှူး၊ ဗိုလ်မှူး၊၁၉၆၃ခုနှစ်ဗဟိုကော်မတီဝင် (ကေအဲန်ယူပါတီ) စစ်တိုင်းမှူး (ဗိုလ်မှူးချုပ်)၁၉၆၅ ခုနှစ်ကေအဲန်ယူပါတီမှခွဲထွက်ခဲ့သည်။၁၉၆၆ခုနှစ်ကောင်စီဥက္ကဌ(ကရင်အမျိုးသားလွတ်မြောက်ရေးကောင်စီ)စ်ဘက်တွင်စစ်ဦးစီးချုပ်
၁၉၆၈ခုနှစ်ဒုက္ကဌ(ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေးတပ်ဦး)စစ်ဘက်တွင်စစ်ဦးစီချုပ်။၁၉၇၆မှ၂၀၀၀ခုနှစ်ဥက္ကဌ (ကေအဲန်ယူ) စစ်ဦးစီးချုပ် (ကေအဲန်အယ်လ်အေ)၂၀၀၁မှ၂၀၀၄ခုနှစ်ဒုဥက္ကဌ(ကေအဲန်ယူ)စစ်ဦးစီးချုပ် (ကေအဲန်အယ်လ်အေ)၀၀၅ မှ၂၀၀၆ ခုနှစ်ကာကွယ်ရေးဦးစီးချုပ် (ကေအဲန်အယ်လ်အေ)၁၉၇၇မှ၁၉၈၇ခုနှစ်ဥက္ကဌ (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) ၁၉၈၈ ခုနှစ် မှ ၂၀၀၄ ခုနှစ် ဥက္ကဌ(ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ) ၂၀၀၄ မှ ၂၀၀၆ ခုနှစ်နာယက(ပြည်
ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ) (ဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ်)
Sunday, May 24, 2009
ကရင်အမျိုးသားတစ်ဦးဖြစ်သည့်……စောနိုးလေး (ခေါ်) ချစ်စမ်းမောင်
အောင်မြင်ကျော်ကြားသည့် ဂီတလောကသားပင်ဖြစ်သော်လည်း အကျင့်စာရိတ္တတွင် ချီးကျူးဂုဏ်ယူထိုက် သည့် ဂီတသမားတစ်ဦးဖြစ်သည်။ အရက်သေစာ၊ ဆေးလိပ်၊ ကွမ်းစသည်တို့ မှီဝဲသောက်သုံးမှုမှကင်းသည်။ စိတ်ရှည်သည်၊ သည်းခံစိတ်ရှိသည်၊ မိမိအလုပ်ပေါ်တွင် စူးစိုက်စွာလုပ်တတ်သည်။
ချစ်စမ်းမောင်ရဲ့ အနုပညာသုခုမ ဂီတာတီးဟန်
အောင်မြင်ကျော်ကြားသည့် ဂီတလောကသို့ ရောက်ရှိအောင် ပို့ဆောင်ဆတွန်းတင်ခဲ့သည့် သူ၏ဆရာသမား များမှာ ဆရာစောဘွဲကမှူး၊ ဆရာကိုစိုင်း၊ ဆရာကျော်မင်းမောင်နဲ့ အစ်ကိုတော်နှစ်ယောက်တို့ဖြစ်ကြသည်။ တေးဂီတလောကသို့ ၁၉၈၉-ခုနှစ်တွင် ရောက်ရှိပြီး စိုးသူ၊ ချစ်ကောင်း၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဇော်ပိုင်စသည့် နာမည်ကြီးအဆိုတော်တို့သည် Iron Cross တေးဂီတနှင့်တွဲဖက်သီဆိုကြကာ ထိုက်တန်သည့် စတီရီယိုတေး လောကတွင် ထူးကဲသည့်နေရာများရရှိခဲ့ကြသည်။ မြန်မာပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ ဖိတ်ခေါ်ခံရ သည့်တေးဂီတအဖွဲ့ဖြစ်ပါသည်။
၁၉၉၅-ခုနှစ်တွင် စင်္ကာပူ၊ ၁၉၉၆-ခုနှစ်တွင် ဂျပန်၊ ၁၉၉၈-ခုနှစ်တွင် ကိုးရီးယား၊ အမေရိကန်နှင့် မလေးရှား၊ ၂၀၀၄-ခုနှစ်တွင် စင်္ကာပူ၊ ၂၀၀၅-ခုနှစ်တွင် မလေးရှားနိုင်ငံများတို့တွင် ဖိတ်ခေါ်ခံရပြီး ဖျော်ဖြေတင်ဆင်ခဲ့ ပါသည်။ ကရင်အမျိုးသားရေးအတွက် ဖားအံမြို့၊ အိမ်မဲမြို့၊ သမိုင်းခ၀ဲခြံတို့တွင် တီးခတ်ဖျော်ဖြေခဲ့ပါသည်။ အမျိုးသားရေးအတွက် ဆောင်၇ွက်ရမည်ဆိုလျှင်လည်း မဆိုင်းမတွ ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးပါပင်။
သူ၏ဇနီးမှာ နော်ခင်ခင်မိုးဖြစ်ပြီး သားစောမိုးဇက်အောင်၊ သမီးခင်စန္ဒာမောင်နှင့် ခင်ကက်သလင်းမောင်တို့ နှင့်အတူ အမှတ် ၁၀၈၊ အင်းစိန်လမ်းမကြီး၊ မရမ်းကုန်းမြို့နယ်တွင် မိသားစုများနှင့် နေထိုင်ပြီး PTL စတူဒီ ယိုကိုလည်း ထူထောင်ဖွင့်လှစ်ထားသည်။
ထို့ကြောင့်ပင် ကရင်အမျိုးသားတစ်ဦးဖြစ်သည့် စောနိုးလေး (ခေါ်) ချစ်စမ်းမောင်သည် ဟိုး……..မိုးမြင့်က ထွန်းတောက်သည့် ကြယ်ကလေးတစ်ပွင့်…ဟု တင်စားခေါ်ဝေါ်ရမည်ဆိုလျှင် မှားမည်မထင်………
ကရင်လူငယ်များ အတုယူနိုင်ကြပါစေ….
စောလင်းနက်စ်
(ကရင်ကြေးမုံစာအုပ်မှ ကူးယူဖေါ်ပြသည်)