Sunday, December 20, 2009

2749 ခုနှစ်ကရင်နှစ်သစ်ကူးနေ့တွင် ပထမရရှိခဲ့သောဘော်လုံးအသင်း






ဒုတိယ ရရှိသာအသင်း


ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Wednesday, August 12, 2009

The lettering for Karen Traditional Wrist tying

Good morning ladies and gentlemen. Today is the day we celerate the Karen Traditional Wrist tying in Chinese Assembly Hall, Kuala Lumpur for the first time. I am very happy as I have a chance to deliver a short speech in this occasion.
Before addressing about the history of Wrist tying, I would like to mention, where and how the Karen tries descended. The Karen Race descended from Babylon to Burma by the year of BC-2234, through out the journey to Burma. They were passing through Mongolia. Takistan and Yunnan and settled in Burma BC 1125. From Yunan to Burma in the year of BC 741 and settled Burma BC 739. as a second group. In their long journey. experiencing with the various natural calamities such as eruption of volcano, the tempest storm wild forest fire. heavy flood and soon.
Bassing on the incredile calamities that they faced, they started worrying and suspected that all the disasters were created by evil spirit, the demons. In order to prevent from all there unwanted calamities. they began to call upon the Holy Spirit to dwell in their bodies through out their lives. So as to prevent from the demons away from the people, they used to make wrist tying.
As sign or an indication our forefather left as an inheritance for us. By tying a person's Wrist with white cotton threat, the Holy Spirit come and dwell in him and protect him from the evil ghost. And in this celevration, remind us to reflet the day of our departure from Balylon.
There are 7 types of Wrist tying
1. For the new born baby.
2.In the marriage ceremony.
3. Before a long journey and return from journey.
4. When physically unwell.
5. When a person is frighten.
6.After the funeral service.
7 In every August
We need to cherist our loveing Karen Traditional wrist tying generation by generation.
Our forefathers who lead us from Yunnan are

1. (Phoo Tot Mae Par)
2. (Phoo Ka Sount Mae Par)
3. (Phoo Ta Kae)
4. (Phoo Kyar Pon)
5. (Pho La Young Hae)
6. (Phoo Maung Tot)
7. (Phoo Phar Theint)
8. (Phoo Ka Ton)
9. (Phoo Pa La Thu Laung)
May I conclude my word by saying that we will contribute to improve the pure and loving Karen Traditional Wrist tying like this every year in coming future. (Aaw Soun Lar Size) be free from hatred and anger and may you be peaceful everyday.
Thank you for your participation.

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Sunday, July 5, 2009

ဒီကေဘီအေ ရဲဘော်များသို့ 

ကရင်အမျိုးသားအချင်းချင်း သတ်ဖြတ်နေကြရတဲ့အခြေအနေကို မကြည့်နိုင်တော့လို့ ရဲဘော်များကို ဒီကေဘီအေ နှင့်ပါတ်သက်ပြီး လက်ရှိအခြေအနေမှန် သိရှိနိုင်ဖို့ အတွက် အသိပေးချင်ပါတယ်။ အဓိက အချက်(၂)ချက်ကို တင်ပြချင်ပါတယ်။

(၁)ဒီကေဘီအေ ဟာ အမျိးဘာသာ သာသနာတော် ထွန်းကားစေဖို့ ဆောင်ရွက်ရမဲ့အဖွဲ့ ဖြစ်တယ်၊ ဘာတွေဆောင်ရွက်နိုင်ခဲ့လဲ၊ ဘာတွေဖြစ်မြောက်ခဲ့လဲ။

(၂)ဒီကေဘီအေ ရဲ့ ဆောင်ရွက်မှု ဖြစ်ထွန်းမှု အကျိုးစီးပွားတွေဟာ အဖွဲ့ အစည်းအတွက်လား တဦးတယောက်ထဲအတွက်လား။ ဆိုတာတွေကိုဘဲ။

ဒီကေဘီအေ စတင်ဖြစ်ပေါ်ခဲ့တာက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကို အပြုတ်တိုက်ဖို့  ကေအဲန်ယူ့

ဌာနချုပ်မာနယ်ပလော ကို စစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီတုန်းက န၀တ လို့  ခေါ်ဆိုနေကြတဲ့ ဗမာစစ်အုပ်စုတွေက ပိုးကရင် စကောကရင် ၊ ဗုဒ္ဓဘာသာ ခရစ်ယာန် ဘာသာ ဆိုပြီး သတ်လျှိုခွဲခဲ့လို့ ဒီကေဘီအေ ဖြစ်လာရတာဖြစ်တယ်။

ဒီကေဘီအေ စဖြစ်ဖြစ်ခြင်း အမျိုးဘာသာ သာသာနာ အတွက် ရည်ရွယ်ပြီး ဖွဲ့ စည်းပေးတယ်လို့  သိရတယ်။ ဆရာတော် ဦးသုဇန ကိုယ်တိုင် သစ္စာရေ တိုက်ကျွေးခဲ့ပါတယ်။ အမျိုးဘာသာ သာသနာ ထွန်းကားရေးအတွက် ကမ္ဘာ မှာ တခုထဲသော လက်နက်ကိုင်ဆောင်ခွင့်ရတဲ့ ဘာသာရေးတပ်မတော် ဖြစ်တယ်။

ဒါပေမဲ့ ဒီကေဘီအေ ဆိုတာစတင်ဖြစ်ဖြစ်ခြင်းမှာဘဲ န၀တ စီစဉ်ဖန်တီးထားတဲ့ န၀တ ရဲ့ စစ်တပ် လက်ကိုင်တုတ် အဖွဲ့ အစည်း တခု ဖြစ်လာတယ်။ ကေအဲန်ယူ ရဲ့ မာနယ်ပလော ဌာနချုပ်ကို ဗမာ စစ်သားတွေ ရဲ့ရှေ့ ဆုံးကနေပြီး တက်တိုက်ခဲ့ရတာ အဓိကသက်သေတခုပါဘဲ။

အဲဒီနောက်ပိုင်း ဒီကေဘီအေ ထဲမှာ ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့ (ခိုင်းစားလို့ ရမဲ့သူ) ကို စစ်အုပ်စုက စီးပွားရေး အခွင့်အရေးတွေ တချို့ ပေး ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှု တွေကို မသိကျိုးကျွန်ပြု မျက်စိမှိတ်နေခဲ့ကြတာကို တွေ့ ရတယ်၊ ဒါတွေဟာ တကယ်အဖြစ်မှန်ပါ၊


ဒီအေဘီအေ တပ်ဖွဲ့ အထဲကိုလည်း တပ်သားအင်အားများလာစေဖို့  ရဲဘော်သစ်တွေ စုဆောင်းရာမှာ သေသေချာချာ စီစစ်ခြင်းမရှိဘဲ အရေအတွက်များလာရင်ပြီးရောဆိုပြီးတော့ ပေါက်တတ်ကရ လူတွေ လက်ခံခဲ့လို့  မြန်မာပြည်အတွင်းမှာ လုပ်စားကိုင်စား မရတဲ့ အလုပ်မရှိ အကိုင်မရှိ ကလေကချေတွေ၊ ပေါက်လွတ်ပဲစားတွေ နဲ့  ကရင်လူမျိုး မဟုတ်တဲ့ ကုလားဒိန်တွေ ၊ အညာသားဗမာတွေ ၀င်ရောက်လာ တဲ့အတွက် ဒီကေဘီအေ ဆိုတဲ့ အမျိုးဘာသာ သာသနာတော်ကို ပြန့် ပွားစေမဲ့ တပ်မတော်သားတွေ ထဲမှာ စစ်အုပ်စုရဲ့ သူလျှိုဒလန်တွေဟာ ဒုနဲ့ဒေး ဖြစ်လာကုန်တယ်၊ဒီကေဘီအေ ကို အနီးကပ်ထိန်းချုပ်တဲ့သဘောပေါ့၊ ဘာဘဲလုပ်လုပ် ဘာတခုမှ ဖုံးလို့ ဖိလို့ မရတော့ဘူး။

အဲဒီနောက် ဒီကေဘီအေ တွေဟာ အမျိုးဘာသာ သာသနာတွေ ထွန်းကားဖို့ ကိစ္စ ကို ဘာတခုမှ မယ်မယ်ရရ မလုပ်နိုင်တော့ဘဲ၊ အာဝါဒေးတွေ၊လောင်းကစားတာတွေ၊ မူးယစ်ဆေးဝါးသုံးတာတွေ၊ အပျော်အပါးလိုက်စားတာတွေနဲ့ အချိန်တွေ ကုန်ခဲ့တဲ့အတွက် ဆရာတော် ဦးသုဇန ကိုယ်တိုင် ဒီကေဘီအေ ကို မထိန်းနိုင်တော့ဘူး ဆိုပြီး ကေအဲန်ယူကို ပြန်အပ်မယ်လို့ ၂၀၀၆ ခုနှစ် အစောပိုင်းမှာ ကေအဲန်ယူ ကိုအဆက်အသွယ်လုပ်တွေ့ ဆုံခဲ့ရတဲ့အထိဖြစ်လာတယ်။ ဒါဟာ ဒီကေဘီအေ က အမျိုးဘာသာ သာသနာ ကို ထိထိရောက်ရောက် ဘာမှမလုပ်ပေးနိုင်တာကို အသိပေးရခြင်းဖြစ်တယ်။

နောက်တခုက

န၀တ ဟာ ငါးကြင်းဆီနဲ့  ငါးကြင်းကိုကြော်စားတဲ့နည်းအားသုံးပြီး ဒီကေဘီအေ ကို ရှေ့တန်းအဖြစ် မောင်းတင် တိုက်ခိုက်ခဲ့လို့  ကေအဲန်ယူ ဌာနချုပ် မာနယ်ပလောဌာနချုပ်ကို အကျအဆုံး နည်းပါးစွာနဲ့ ရလိုက်ပါတယ်။ အဲဒီအတွက် စစ်အုပ်စုဟာ သူတို့ ရဲ့လက်ကိုင်တုတ်ဖြစ်မဲ့သူတွေ (ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်တချို့)ကို စီးပွားရေး အပိုင်စားတွေပေးပြီး သိမ်းသွင်းခဲ့တယ်။

ဒါပေမဲ့ အဲဒီအချိန်တုန်းက ဒီကေဘီအေထဲမှာ စီးပွားရေး ဦးနှောက်သမားတွေ မရှိလို့  မိမိအကျိုးကိုဘဲ ကြည့်တတ်လုပ်တတ်တဲ့ မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး တို့ဟာ ဒီကေဘီအေ တို့ဖက်ကို ဘက်ပြောင်းပြီး ၀င်ရောက်လာချိန်မှာတော့ ဒီကေဘီအေဟာ ပုံစံတမျိုးပြောင်းလဲလာခဲ့တယ်။ အမျိုးဘာသာ သာသနာအတွက်မဟုတ်တော့ဘဲ လူတစု (သို့ ) လူတဦးတယောက်အတွက်သာ ဖြစ်လာခဲ့တာတွေ့ ရပါတယ်။

မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး တို့ ဟာ ဒီကေဘီအေ ဗဟိုအတွက် လိုအပ်တဲ့ ငွေကြေးတွေကို နအဖ မသိကျိုးကျွန်ပြုထားတဲ့ မသမာတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို အသုံးချပြီး ငွေတွေကိုရှာခဲ့ကြတယ်။ ရတဲ့ငွေတွေထဲက မစို့ မပို့ လောက်ကို ဒီကေဘီအေ ဗဟို ရပ်တည်နေနိုင်ရေးအတွက် ပေးပို့ ခဲ့တယ်။ ကျန်တာတွေကိုတော့ သူတို့ ရဲ့ တဦးပိုင်ကိုယ်ကျိုးဖြစ်လာခဲ့တယ်။ မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး တို့ နဲ့  အတူ လုပ်ပိုင်ခွင့် ပေးထားတဲ့ သူတချို့ လဲ သူတို့ ရဲ့ကိုယ်ကျိုး အစွန်းအမြတ်တွေ ရရှိလာပါတယ်။

ဒီကေဘီအေ ရဲဘော်တွေမှာတော့ ဘာမှထူးခြား ကြီးပွားချမ်းသာလာတာ မတွေ့ ရဘူး၊ အားလုံးရဲ့ အကျိုးအမြတ်ဟာ တဦးတယောက် အတွက်ဘဲဖြစ်လာတာကို တွေ့ ရပါတယ်။

လက်ရှိ ဇွန်လဆန်းပိုင်းမှာ လုပ်ခဲ့တဲ့ တပ်မဟာ(၇) ရှင်းလင်းရေး စစ်ဆင်ရေးမှာ ဒီကေဘီအေ ထဲက သဘောတူတဲ့သူ သိပ်မရှိဘူး၊ မောင်ချစ်သူ လုပ်စာကို ဘဲထိုင်စားရတဲ့အတွက် ဘာမှပြန်မပြောရဲဘဲ မောင်ချစ်သူ ရဲ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ရတာဖြစ်တယ်၊

နယ်ခြားစောင့်တပ်ဖြစ်ဖို့ အရေး တပ်မဟာ(၆)နဲ့ တပ်မဟာ(၇) ကို ရှင်းလင်းဖို့ တာဝန်ယူရမဲ့သူတွေ ကတော့ မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး ဖြစ်တယ်၊ နအဖနဲ့ လက်မှတ်ထိုးပြီး စာချုပ်ရတဲ့အထိ နအဖ မှ ကိုင်တွယ်နိုင်ခဲ့တာတွေ့ ရတယ်။

တပ်မဟာ(၆)ကို နှုတ်ခမ်မွှေး က အခုနှစ် ဧပြီလမှာစစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး ဇွန်လမှာ တပ်မဟာ(၇)ကို မောင်ချစ်သူ က စစ်ဆင်ရေးစခဲ့တယ်၊ နှုတ်ခမ်မွှေး လုပ်ခဲ့တဲ့ တပ်မဟာ(၆) စစ်ဆင်ရေး ကို ဒီကေဘီအေ အထဲမှာ မကြိုက်မှန်း မပြောခဲ့ပေမဲ့ မောင်ချစ်သူ လုပ်ခဲ့တဲ့ တပ်မဟာ(၇) စစ်ဆင်ရေး ကို

ဒီကေဘီအေ ထဲမှာ လုံးဝလက်မခံတဲ့အကြောင်း သိသိသာသာပြောလာတာတွေ့ ရတယ်။

ဒီကေဘီအေ ရဲ့ဗဟိုပိုင်းမှာလဲ တဖက်နဲ့တဖက် လွန်ဆွဲလာတာတွေ တွေ့ ရပါတယ်၊ ဘာဖြစ်လို့ လဲ တော့ တပ်မဟာ(၇) ကို ပြုလုပ်တဲ့စစ်ဆင်ရေးဟာ ကေအဲန်ယူဖက်က အကျအဆုံးဆိုလို့ (၉) ယောက် လောက်ဘဲ ရှိတယ်၊ ဒီကေဘီအေဖက်မှာတော့ အကျအဆုံးအသေအပျောက်(၂၀၀) ကျော်လောက်ရှိ ခဲ့တယ်ဆိုတော့ ပေးဆပ်ရမှုက မတန်တဆဘဲ၊ နောက်ပြီးသေဆုံးဒဏ်ရာရသူတွေဟာ ဘာအတွက် သူတို့ တိုက်နေတာလဲ သူတို့ တွေ ပေးဆပ်ခဲ့လို့  ဒီကေဘီအေ (သို့ ) ကရင်အမျိုးသားတွေ အတွက် ဘာအကျိုးအမြတ်တွေ ရလာမှာလဲ ဆိုတာတွေကို သူတို့ ရဲ့ မိဘတွေ သူတို့ ရဲ့မိသားစုတွေ စဉ်းစား လာကြပြီးဖြစ်တယ်၊ သေဆုံးသွားတဲ့သူတွေအတွက် နစ်နာကြေး၊ ဒဏ်ရာ ရသူတွေအတွက် ဘ၀ အာမခံရေး ဘယ်လောက်ရှိလဲ၊ ဘာတွေရရှိခံစားရလို့ လဲ ဆိုတာတွေ တွေ့ မြင်သိရှိလာရတယ်။

တကယ်အကျိုးအမြတ် ထွက်သွားတာက မောင်ချစ်သူ ဟာ နယ်ခြားစောင့်တပ် ဗိုလ်ချုပ်ဖြစ်ဖို့ နဲ့ နအဖရဲ့နယ်ခြားကို စောင့်ပေးမဲ့ ဒီကေဘီအေ အဖြစ်သာ ရောက်ရှိနေတာကိုသာ တွေ့ ရတယ်၊ သေဆုံး သွားခဲ့သူတွေဟာ ဘယ်သူလဲ၊ ဒဏ်ရာ ရရှိခဲ့သူတွေဟာ ဘယ်သူလဲ၊ သေချာစဉ်းစားပြီး တည့်တည့်ကြည့်ရင် ကိုယ်တို့ ကရင်အမျိုးသားတွေဘဲဖြစ်တယ်၊ အဲဒီလိုဖြစ်အောင် ဘယ်သူက လုပ်တာလဲ၊ တပ်မဟာ(၇)ဟာ သူဘာသာသူ အေးအေးဆေးဆေး နဲ့ ကရင်အမျိုးသားတွေ အတွက် လုပ်နေတာဘဲ၊ ဒီကေဘီအေ စခန်းတခုခုကို ကေအဲန်ယူက သွားတိုက်တာလား မကြားမိပါဘူး၊ ကိုယ်တို့ ဒီကေဘီအေက ဘဲ ကေအဲန်ယူစခန်းကို သွားတိုက်တာ၊ ကေအဲန်ယူ ဟာ ဘယ်သူတွေလဲ၊ ကရင်တွေဘဲ၊ ဒီကေဘီအေ ဘယ်သူတွေလဲ၊ ကရင်တွေဘဲ၊ သူတို့ တွေဟာ ဘာတွေလုပ်ဖို့  ကြွေးကြော်ထားလဲ၊ ကရင်အမျိုးသားတွေအတွက် လုပ်မယ်လို့ ပြောတဲ့ အဖွဲ့ တွေချည်းဘဲ၊ ကရင် အမျိုးသားတွေအတွက် လုပ်မဲ့သူတွေအချင်းချင်း တိုက်ပွဲတွေဖြစ်နေတယ်၊ သေနေတယ်၊ ဒဏ်ရာ တွေ ရနေတယ်၊ ဘယ်သူဝမ်းသာလဲ၊ ဒီကေဘီအေ ၀မ်းသာလား၊ ကေအဲန်ယူ ၀မ်းသာလား၊ သေချာ စဉ်းစားကြည့်ပေါ့၊

အဲဒါကို ၀မ်းသာနေတဲ့ သူတစု ရှိနေတယ်ဆိုတာ သေချာတယ်၊ သူတို့ ကတော့ ဒီကေဘီအေ ကို ဖြစ်ပေါ်အောင် ဖန်တီးပေးခဲ့တဲ့ နအဖ ဆိုတဲ့ ဗမာ စစ်အုပ်စု ဘဲဆိုတာ မြေကြီးလက်ခတ်ရင်လွဲမယ်၊ နအဖ စစ်ခေါင်းဆောင်တွေဟာ စိတ်ထဲမှာကြိတ်ရီပြီးတော့ ၀မ်းသာလို့ ဆို့ နေတယ်ဆိုတာဘဲ။

အဲဒီလောက်အခြေအနေဆိုရင်တော့ ရဲဘော်တို့ အခြေအနေမှန်ကို သိလောက်ပြီးပေါ့၊ အခုစစ်ဆင်ရေး မှာ ကိုယ်တို့ ကရင်တွေအတွက် ဘာမှအကျိုးမရှိတဲ့အပြင် အောင်ပွဲခံ့ပြန်မဲ့ ကိုယ်တို့  ဒီကေဘီအေ က တပ်မဟာ(၉၉၉) တပ်ရင်း(၇)မှူး စောဆန်ပြုတ် တောင် အမည်မသိတဲ့ သေနတ်သမား တစု ပစ်ခတ်လို့ ဖူးမော်ကလာက သူ့ နဲ့ သက်တော်စောင့်အဖြစ်ထားဖို့ ခေါ်သွားခဲ့ပြီးမဟုတ်လား။

ကိုယ်တောင်မှ ပထမအသုတ်မှာပါသွားလို့ ကံကောင်းလို့ လွတ်လာတာ၊နို့ မဟုတ်ရင်တော့ အခုချိန်ဆို ကိုယ်လဲရဲဘော်တို့ ဆီကို အဖြစ်မှန် စာလဲ ရေးနိုင်တော့မှာမဟုတ်ဘူ။

ကိုယ်တို့  ဒီအတိုင်းဘဲဆက်လုပ်နေရင်တော့ နအဖ စစ်တပ်လုံးလုံး ဖြစ်သွားရမဲ့ ဒီကေဘီအေ အဖြစ် ကိုယ်တို့ ကို ကရင်အမျိုးသားတွေအနေနဲ့  တမျိုးသားလုံးရဲ့ သစ္စာ ဖေါက်အဖြစ် သတ်မှတ်လိုက်ပြီး ဆိုရင်တော့ ကိုယ်တို့ အတွက် နေစရာမြေမရှိတော့ဘူးလို့ ထင်မြင်မိတယ်။

ဒါကြောင့် အခုကိစ္စ ကို ဖြစ်ပေါ်အောင်ဖန်တီး ခဲ့တဲ့ မောင်ချစ်သူနဲ့ အဖွဲ့ ရဲ့ လုပ်ဆောင်ချက်တွေကို ရဲဘော်တွေ ခုအချိန်က စပြီး ဆန့် ကျင်ဖို့ အချန်တန်ပြီး၊ ဒါမှသာ ကိုယ့်တို့ တွေဟာ အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်ပေးမဲ့၊ ကိုယ်တို့ ကရင်အမျိုးသားရေး ကို တကယ် လုပ်ဆောင်ပေးမဲ့ သူတွေဖြစ်တယ်ဆိုတာကို ရရှိမှာဖြစ်တယ်။ ကိုယ်တို့ ဒီကေဘီအေ တွေလဲ နအဖရဲ့ လက်အောက်ခံ စစ်တပ် အဖြစ်ကနေ လွတ်ကျွတ်မှာဖြစ်တယ်၊ ကိုယ်တို့ ဒီကေဘီအေ လည်း ကိုင်စွဲခဲ့တဲ့ စောဘဦးကြီး ရဲ့ မူ ဟာလည်း တကယ့်ကို စစ်မှန်ကြောင်း ပြသဖို့ လိုပြီးရဲဘော်တို့ ။

ဒီကေဘီအေ ရဲဘော်များ အားလုံး ကရင်အမျိုးသားအကျိုးအတွက် အမှန်တကယ်ထမ်းဆောင်ပေးမဲ့  သူတွေဖြစ်လာကြပါစေ။

(စစ်ဆင်ရေးကာလ တလျှောက် သေဆုံး ဒဏ်ရာ ရသွားသော ဒီကေဘီအေ ရဲဘော်များ အတွက် ၀မ်းနည်းလျှက်၊ နစ်နာကြေးများနှင့် ကျန်ရှိနေသည့် ဒဏ်ရာ ရ ရဲဘော်များအတွက် ဘာမှ အကူအညီ မပေးနိုင်သည်ကို တောင်းပန်လျှက်)

ဇွန်လအတွင်း ဒီကေဘီအေမှ ကေအဲန်ယူ တပ်မဟာ(၇) သို့  ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ သည့် တပ်မဟာ(၉၉၉) တပ်ရင်း(၇)မှ တပ်မှူးငယ်တဦး။

နေ့ စွဲ၊ ဇွန်လ(၂၈)ရက်နေ့ 
ပေးပို့သူ ကိုသောသီခိုအားအထူးကျေးဇူးတင်ရှိပါသည်။

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

ကျွန်တော်၏ညီအစ်ကို DKBA ထံသို

နအဖသည်၂၀၁၀ရွေးကောက်ပွဲအတွက်နှင့်စစ်အာဏာတည်တံ့ရေးအတွက်အပစ်အခတ်ရပ်စဲထားသောငြိမ်းချမ်းရေးလက်နှက်ကိုင်အဖွဲ့
များကို နယ်ခြားစောင့်တပ်( Border Guard Force)အဖြင့်ပြောင်းလဲပြီးနအဖ၏စစ်တိုင်းအောက်တွင်ထားရှိရန်ဧပြီလမှစတင်ပြီး ဗိုလ်ချုပ်ရဲမြင့်မှတဆင့် စည်းရုံးစေခဲ့ပါသည်။
ငြိမ်းချမ်းရေးအဖွဲ့များထဲတွင်ဝပြည်ညီညွတ်ရေးတပ်မတော်(UWSA)သည်အင်အားအကြီးဆုံးဖြစ်ပြီး DKBA သည်ဒုတိယအင်အား
အကြီးဆုံးဖြစ်ပါသော်လည်း နအဖ၏ကမ်းလှမ်းချက်ကိုအရင်ဆုံးလက်ခံခဲ့ပါသည်။ ၀ပြည်ညီညွတ်ရေးတပ်မတော်သည်စစ်သည်
အင်အားတောင့်တင်းသလို နိုင်ငံရေးလည်း ကစားနိုင်သောအဖွဲ့ဖြစ်ပါသည်။ နအဖ၏ ဗျုဟာဖြစ်သော လွှမ်းမိုးပပျောက်ရေး
ကိုသိနေသာ “၀” အဖွဲ့များအပါအ၀င် အခြားငြိမ်းချမ်းရေးအဖွဲ့များသည် နအဖ၏ကမ်းလှမ်းချက်နှင့် ခြေလှမ်းများကို သတိဖြင့်
ချက်ခြင်းမတုံ့ပြန်ဘဲ ပြည်တွင်းရေးနှင့် နိုင်ငံရေးအခြေအနေကိုလေ့လာပြီး ပြည်သူလူထုထံမှသဘောထားကို တောင်းယူပြီးမှ နအဖ၏ ကမ်းလှမ်းချက်ကိုပယ်ချခဲ့ပါသည်။ ကချင် နှင့် ကိုးကန့် အဖွဲ့လည်း နအဖ၏ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါသည်။ ကိုးကန့်
အဖွဲ့၏ ကြောင်းပြချက်မှာ နိုင်ငံရေးအမျှော်အမြှင်ရှိမူ့ကိုဖေါ်ပြနေပါသည်။ ကိုးကန့်အဖွဲ့၏ အကြောင်းပြချက်မှာ“လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြသာနာတွေရှင်းရှင်းလင်းလင်းမဖြစ်ဘဲနဲ့ဘာမှမဆုံးဖြတ်နိုင်ဘူး”မှန်ပါသည်လက်နက်ကိုင်အဖွဲ့များ၏ရှေ့ရေးသည်နိုင်ငံရေး
ချေအနေပေါ်မူတည်နေပါသည်။ ကျွန်တော်၏ညီအကို DKBA အနေဖြင့် လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးကိုသေချာစွာ သုံးသပ်ပြီး
မှအဖွဲ့အစည်းအနာဂတ်ကိုဆုံးဖြတ်သင့်ပါသည်။ နအဖခိုင်းတဲ့အတိုင်း လုပ်နေရသည်ကိုမြင်ရသဖြင့်များစွာဝမ်းနည်းရပါသည်။
စစ်အစိုးရက KNU ကိုနှစ် ၆၀ အတွင်းမည်ကဲ့သို့စစ်ဆင်ခဲ့သည်ကို ပြန်လည်သုံးသပ်သင့်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ငှက်ဖျားရောဂါများပြားသောနယ်မြေကို မိုးတွင်း ၌ တစ်ခါမှစစ်ဆင်ရေးမလုပ်ဘဲ အခုမှ DKBA ကိုစစ်ဆင်ရေးလုပ်ခိုင်း
သည့်ကြောင်းအရာကို စဉ်းစားသင့်ပါသည်။ လက်ရှိဖြစ်ပေါ်နေသော နအဖ၏ နိုင်ငံရေးပြဿနာများ၊ နအဖ၏ကမ်းလှမ်းချက်ကို ငြင်းဆိုနေသော ၀၊ ကချင်၊ ကိုးကန့် အဖွဲ့များ၊နအဖ၏ကမ်းလှမ်းချက်ကို လုံးဝမတုံ့ပြန်သေးသော ကယန်းပြည်သစ်တပ်၊ကုလသမဂ္ဂ
ချမှတ်လိုက်သော မြောက်ကိုရီးယား ကိုအရေးးယူမူ့များ၊ နအဖ နှင့် မြောက်ကိုရီးယား ၏ပတ်သက်မူ့နှင့် ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံ၊ အဆိုပါ နအဖ၏ပြဿနာများကို DKBA မှ အာရုံမပြုမိစေရန် မိုးတွင်းမရှောင်စစ်ဆင်ရေးများလုပ်ခိုင်းနေပါသည်။ ၂၀၁၀ မတိုင်မှီ KNU ကိုအမြစ်ပြတ်ရှင်းလင်းရေးသည် ဖြစ်နိုင်မူ့ရှိမရှိ DKBA စစ်ဖက်ခေါင်းဆောင်များ လေ့လာသုံးသပ်သင့်ပါသည်။ မဆလခေတ်၊ န၀တခေတ် နှင့် နအဖခေတ်တွင် KNU ကိုမီးကုန်ယမ်းကုန် စစ်ဆင်ခဲ့သော်လည်း KNU ကိုမရှင်းနိုင်ခဲ့ပါ။ ထို့အပြင် KNU မှကျင့်သုံးနေသောပြောက်ကျားစနစ်ကို စစ်ဆင်ရေးဖြင့် ချေမှုန်း ၍ ရနိုင်မရနိုင်သည်ကို DKBA မှခေါင်းဆောင်များစဉ်းစားတတ်ဖို့
လိုပါသည်။ အမေရိကန်အရှုံးပေးခဲ့ရသော ဗီယက်နမ်စစ်ကိုလေ့လာသင့်သလို ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံရေးကိုလည်း မျက်ချြေမပြတ်သင့်ပါ။


DKBA ကို နအဖ မှမည်မျှတန်ဖိုးထားသည်ကို DKBA ခေါင်းဆောင် နှင့် ရဲဘော်များပါနားလည်သင့်ပါပြီ။ ၂၀၀၄ ခုနှစ်တွင်းDKBA ပိုင်မော်တော်ကားအစင်း ၁၂၀ ကျော် သိမ်းပြီးစီးပွါရေးလုပ်ပိုင်ခွင့်များ ရုပ်သိမ်း ကန့်သတ်မူ့များကို သတိရသင့်ပါသည်။သာသနာကို
အသက်ဖြင့်လဲ ၍ကာကွယ်မည်ဟုကြွေးကြော်ခဲ့သော DKBA အနေဖြင့်၂၀၀၇သံဃာအရေးအခင်း၊သာမညဆရာတော်၏ရုပ်အလောင်း
တော်ကို ဖျက်ဆီးခြင်းမှမကာကွယ်နိုင်ခြင်းများကို ပြန်လည်သုံးသပ်ပြီး အဖွဲ့အစည်း၏ရပ်တည်ချက်ကိုပြုပြင်သင့်ပါပြီ။ DKBAပေါ်တွင်
ထားရှိသော နိုင်ငံတကာ သဘောထားနှင့် ကရင်ပြည်သူများ၏သဘောထားများကိုဂရုမစိုက်ပါက အဖွဲ့အစည်းအနေဖြင့်ရေရှည်ရပ်
တည်နိုင်ရန်မဖြစ်နိုင်ပါ။ ဥရောပသမဂ္ဂ၏ဝေဖန်မူ့ကို နအဖမှဖြေရှင်းခဲ့သည်မှာ “ KNLA ၏ တပ်မဟာ (၇) တွင်ဖြစ်နေသောတိုက်
ပွဲသည် ကရင်အချင်းချင်း ဖြစ်နေသောတိုက်ပွဲဖြစ်ပါသဖြင့် နအဖ နှင်မသက်ဆိုင်ပါ။”နအဖ က DKBA ကိုစစ်ရာဇ၀တ်တရားခံ ဖြစ်အောင်တွန်းပို့နေသည်ကို DKBA ခေါင်းဆောင်သာမက ရဲဘော်များပါ နားလည်တတ်ဖို့လိုပါပြီ။ ပြည်သူလူထု၏ ခံစားရသော
ဒုက္ခနှင့် ဆုံရှုံးမူ့များကို DKBA မှဂရုမစိုက်ပါက နအဖ နှင့်အတူ စစ်ရာဇ၀တ်တရားခံဖြင့်နိဂုံးချုပ်နိုင်ပါသည်။

တိုက်ပွဲတွင်ဒဏ်ရာရသော DKBA ရဲဘော်များနေဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံနှင့်ဒေါက်တာစင်သီယာဆေးရုံတွင်လာရောက်ကုသ
ခြင်းသည် လုံးဝမဖြစ်သင့်သောကိစ္စတစ်ခုဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ တိုက်ပွဲတွင်ကျဆုံးရဲဘော်နှင့် ဒဏ်ရာရသောရဲဘော်များ
ကို နအဖ မှတာဝန်ယူသင့်ပါသည်။ နအဖအနေဖြင့် DKBA အပေါ် ရဲဘော်ရဲဘက်စိတ်ထားရှိပါက ရွှေကုက္ကိုရှိဆေးရုံကို စစ်ဆင်ရေး
မစခင် တိုးချဲ့မြှင့်တင်ရပါမည်။ မြ၀တီဆေးရုံကြီးကိုလည်း ကြိုတင်ပြင်ဆင်မူ့များ လုပ်ထားရပါမည်။ လိုအပ်ပါက ဒဏ်ရာရစစ်သည်
များကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် သယ်ယူကုသရန် DKBA ခေါင်းဆောင်များက နအဖထံတောင်းဆိုသင့်ပါသည်။
တိုက်ပွဲတွင်ဒဏ်ရာရသော DKBA ရဲဘော်များ အကူအညီမဲ့နေခြင်းသည် နအဖတွင်လုံးဝတာဝန်ရှိပါသည်။

နယ်ခြားစောင့်တပ်နေဖြင့်အလွယ်တကူလက်ခံခြင်းသည် မဟာအမှားတခုဖြစ်သုံးသပ်မိပါသည်။ ဖြစ်သင့်သည်မှာအခြားငြိမ်းချမ်းရေး
လက်နှက်ကိုင်အဖွဲ့များကိုဆက်သွယ်ပြီး နအဖ အားတညီတညွတ်တည်း တုံ့ပြန်သင့်ပါသည်။ DKBA အနေဖြင့်အမြင်မှန်ရပါက
နအဖ၏သဘောထားကိုထောက် ၍သော် ၎င်း၊ မငြိမ်မသက်ဖြစ်နေသောနိုင်ငံရေးအခြေအနေများကိုထောက်၍သဘောထားပြင်ဆင်ရန်
အချိန်မနှောင်းသေးပါ။


DKBA ပေါ်တွင်ထားရှိသော နအဖ ၏သဘောထားမှန်ကို DKBA များနားလည်သင့်ပါပြီ။ထိုထက်မက နအဖ၏အခြေအနေသည် မြုပ်နေသာ သင်္ဘောတစ်စင်း ဖြစ်ကြောင်းကိုသိမြင်နားလည်ဖို့ အရေးကြီးပါသည်။ နအဖ နှင့် အချိန်မှီလမ်းမခွဲနိုင်ပါက DKBA ၏အနာဂတ်နအဖ နှင့်အတူ ဇာတ်သိမ်းမလှဖြစ်ရန် နီးကပ်နေပါပြီ။အမှန်ကိုမြင်အမှားကိုပြင်လျှက်ဆက်လက်ရှင်သန်နိုင်ပါစေ

ဖူးဒို
၎.၇.၂၀၀၉

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Sunday, June 28, 2009

ထူးချွန်သော ကရင်အမျိုးသမီး



ထူချွန်သော ကရင်မျိုးချစ်လူငယ်များပေါ်ပေါက်လာနိုင်ကြပါစေ

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Friday, June 26, 2009

ကရင်အမျိုးသားများကိုသတ်ဖြတ်ခဲ့သော ဒီကေဘီအေ (၉၉၉) တပ်ရင်မှုးကျဆုံး



တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ စောစံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ကို အမည်မသိအဖွဲ့တဖွဲ့က ယနေ့နံနက်၌ ချုံခိုတိုက်ခိုက်ရာ ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးသွားသည်။
ယနေ့နံနက်ပိုင်းက ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့သည် တပ်မဟာ (၇) ဒေသအား ထိုးစစ်ဆင်အပြီး ၉၉၉ အထူးတပ်ရင်းတည်ရှိရာ မြဝတီခရိုင် ရွှေကုက္ကိုရွာသို့ တပ်မဟာ (၇) ဒေသမှတဆင့် စက်လှေဖြင့် သောင်ရင်းမြစ်အတိုင်း ဆန်တက်ရာ မယ်တန်နှင့် မယ်လအကြားရှိ မောင်ကလာဝဲဟုခေါ်သည့် နေရာအရောက် တွင် မြန်မာနိုင်ငံဘက်အခြမ်းမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ဆန်ပြုတ် အပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦး သေဆုံးသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

သေဆုံးသူများ၏ ဈာပနကို ရွှေကုက္ကိုရှိ ၉၉၉ အထူးတပ်ရင်းတွင် စစ်အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသူများအတွက် မဲဆောက်မြို့မှ ဝယ်ယူသွားသည့် အခေါင်း (၁၀) လုံးဖြင့် ပြင်ဆင်ထားသည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

ယခုသေဆုံးသွားသူ ဗိုလ်ဆန်ပြုတ်သည် ၂၀၀၈ ခု ဖေဖော်ဝါရီလက မဲဆောက်မြို့တွင် လုပ်ကြံခံရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံခဲ့ရာတွင် အဓိကဦးဆောင်သူဟု ကရင်အမျိုးသားထုအတွင်း သင်္ကာမကင်းခံရသူဖြစ်သည်။

ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ တိုက်ခိုက်ခံရသည့်ဒေသမှာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် နအဖတပ်များ လှုပ်ရှားသည့်နေရာဖြစ်သည့်အတွက် မည်သူမည်ဝါ၏လက်ချက်ဟု ပြောရန်ခက်ကြောင်း ဒေသခံ များက ပြောသည်။

တိုက်ခိုက်ခံရသည့် ဗိုလ်ဆန်ပြုတ်အဖွဲ့မှ ဒဏ်ရာအပြင်းအထန်ရရှိသည့် တပ်ဖွဲ့ဝင် (၈) ဦးကို ယနေ့ညနေပိုင်းတွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကုသရာ ဆေးရုံတွင် (၁) ဦး ထပ်မံသေဆုံးသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ယခုလဆန်း (၂) ရက်နေ့မှစ၍ တပ်မဟာ (၇) ဒေသတွင် ဖြစ်ပွားသည့်တိုက်ပွဲများသည် ကရင်အဖွဲ့များအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသာဖြစ်ပြီး မိမိတို့အနေဖြင့် တစုံတရာပါဝင်ပတ်သက်မှုမရှိကြောင်း နအဖက ပြောကြားခဲ့သော် လည်း ဒီကေဘီအေတပ်ဖွဲ့ဝင်များကမူ ဤထိုးစစ်အား နအဖတပ်နှင့် ပူးတွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့်ဒီကေဘီအေ ပူးပေါင်းအဖွဲ့က ယခုလဆန်း (၂) ရက်နေ့မှစတင် ထိုးစစ်ဆင်ရာတွင် ဗိုလ်ဆန်ပြုတ်သည် ဒီကေဘီအေတပ်ဖွဲ့ကို အဓိကဦးဆောင်ပြီး တိုက်ခိုက်ခဲ့သူဖြစ်သည်။

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Thursday, June 25, 2009

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သောကမ္ဘာ့ဒုက္ခသည်များနေ့



မလေးရှားနိုင်ငံတွင် Jone 20 ရက်နေ့၌ ကျင်းပခဲ့သောကမ္ဘာ့ဒုက္ခသည်များနေ့တွင် မလေးရှားနိုင်ငံမှကရင်ဒုက္ခသည်များနှင့်တိုင်းရင်း
သားလူမျိုးဒုက္ခသည်များတက်ရောက်ခဲ့ကြပါသည်။ ကြွရောက်လာကြသောဧည့်သည်တော်များကိုတိုင်းရင်းသားရိုးရာအကများဖြင့် ပျော်ဖြေ ဧည့်ခံခဲ့ပါသည်။ ကရင်ရိုးရာဒုံးအကကို မလေးရှားကရင်အစည်းအရုံး ( M.K.O ) မှကရင်လူငယ်များက သေသပ်လှပသောကကွက်များဖြင့် ဧည့်သည်တော်များကိုဧည့်ခံပျော်ဖြေခဲ့ကြပါသည်။

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Wednesday, June 24, 2009

ကရင်မှန်လျှင်အဆိပ်သားကောင်မချန်နဲ့

နိုင်ငံတော်အရေး
အောင်ဆန်း၏ နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံစည်းမျဉ်းဥပဒေများ
အပိုင်း (၁)
နိုင်ငံတော်အရေး ။ (က) ကရင်ပြည်ကို လုံးဝမပေးရ။
(ခ) အချက်အချာရှိသည့်နေရာမှာ ကရင်တွေကို အကြီးအကဲမထားရ။
(ဂ) အဆောက်အဦးရှိသည့်နေရာမှာ ကရင်တွေကို အကြီးအကဲမထားရ။
(ဃ) ကရင်လူမျိုးတွေကို သွေးနှောစနစ်လုပ်ရမည်။
အပိုင်း(၂)
နိုင်ငံတော်စစ်ရေး ။ ကရင်နီတောင်တန်းက အောင်ဆန်းကလူမှော် နောက်တမ်းမှတကယ်ဆော်မယ်။
ကြိုးစားဘို့တွေး မေ့လျှင် တို့ကြေလိမ့်မယ်။ တောင်မှန်လျှင် အလံတွေကို မိုး ချိုးအစကရှင်း။
အပိုင်း(၃)
နိုင်ငံတော်အုပ်ချုပ်ရေး
အခန်း(၁ - ၂)
အခန်း (၁) လက်ပြင်ကြ ပို့ ဆောင်ခန်း၊ ရင်နှီးစွာသွေးဆောင်။
အခန်း(၂) ဂေါရန် ခေါ် ဟိုတောင်ကြောက သောကော၍နေထိုင်၊ ရင်းနှီးစွာဘာသာနှောပြန်၊ နောက်အတည် ကျွန်ပြည်မည့်လိမ့်မည် လွှမ်းစေဘို့ တို့တန်ခိုး။

မဟာဗမာလူမျိုးကြီးအသိုင်းအ၀ိုင်း
(၁) အောင်ဆန်း
(၂) သခင်ကိုယ်တော်မှိုင်း
(၃) သခင်နု
(၄) သခင်တင်
(၅) သခင်ထွန်းအုပ်
(၆) သခင်ဗစိန်
(၇) သခင်ကျော်ဒွန်း
(၈) သခင်မြ
(၉) ဦးကျော်ငြိမ်း
(၁၀) ဦးဘဆွေ
(၁၁) ဗန်းမော်တင်အောင်
(၁၂) သခင်သန်းထွန်း
(၁၃) သခင်စိုး

ဝါဒပိုင်းဆိုင်ရာ ဦးဆောင်သူ
(၁) အောင်ဆန်း
(၂) ကိုယ်တော်မှိုင်း
(၃) သခင်နု
(၄) သခင်တင်

ဝါဒီပိုင်းဆိုင်ရာ ဦးဆောင်သူ
(၁) သခင်ထွန်းအုပ်
(၂) သခင်ဘစိန်
(၃) သခင်ကျော်ငြိမ်း
(၄) ဦးဘဆွေ


ကရင်အဆောက်အဦးတွေကို ဖြိုခွဲရန်ဦးဆောင်သူ
(၁) သခင်သန်းထွန်း အောင်ဆန်းပေးသောတာဝန်မှာ - ဗမာပြည်ကွန်မြူနစ်ပါတီ၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့  အစည်းထွက်လာလျှင် ၀ါးမျိုရေး (ပြည်ပအစိုးရ)

(၂) သခင်စိုး အောင်ဆန်းပေးသောတာဝန်မှာ - ဗမာပြည်အလံနီကွန်မြူနစ်ပါတီ၊ ဗြိတိသျှအစိုးရဖွဲ့ စည်းထားသည့် ကရင်တပ်မတော်ကို ဖျက်ဆီးပစ်ရမည် (သုတ်ဿာန်)

(၃) ဗန်းမော်တင်အောင် အောင်ဆန်းပေးသောတာဝန်မှာ - ကရင်တွေ နိုင်ငံရေးနားမလည်အောင် အတိုက်အခံလုပ် (ပမညတ) (ပြည်ထောင်စုမြန်မာနိုင်ငံညီညွတ်ရေးတပ်ပေါင်းစု)

(၃) သခင်နု အောင်ဆန်းပေးသောတာဝန်မှာ - ပြည်မအုပ်ချုပ်ရေး၊ လူမျိုးကြီးလူမျိုးငယ် ၀ါးမျိုရေးစနစ်၊ ကရင်အိုးအိမ် သေကြေဖျက်ဆီးရေး။
ဗမာခေါင်းဆောင်အကြီးအကဲ (၃) ဦး
(၁) အောင်ဆန်း
(၂) ဦးကျော်ငြိမ်း
(၃) သခင်နု

အောင်ဆန်းနှင့် ဦးနုတို့ အမြင် - ကျွန်တော်တို့ ခေတ်ကျရင် ကရင်တွေ လုံးဝမရှိစေရ၊ ကျွန်တော်တို့ ခေတ်မှာ ကရင်တွေ ရှိလို့ ရှိရင် နောက်နောင်လမည့် ဗမာသားသမီးရာတနာကောင်းလေးတွေဟာ ဘ၀တိုင်းဘ၀တိုင်းမှာ ကရင်တွေနဲ့ ဆက်တိုက်ရမှာဘဲ၊ အဲဒါကြောင့် မင်းတို့ (ဗမာတွေ) နားလည်ရမှာက ဒီပြည်မှာ ကရင်မရှိစေရ။
တဆက်တည်းမှာ ဦးကျော်ငြိမ်းက ကျူပင်ခုတ်ကျူငုတ်မကျန်၊ ကရင်မှန်လျှင် အဆိပ်သားကောင်မချန် လုပ်ငန်းအစီအစဉ်ကို ချမှတ်လုပ်ဆောင်ရန်။

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Friday, June 19, 2009

Add or Remove Programs ကို့ပိတ်ထားမယ်

မိမိကွန်ပျူတာတွင်ရှိသော Add or Remove Program ကိုဖွင့်လို့မရအောင်ပိတ်ထားလို့
ရပါတယ်။

Run -> gpedit.msc -> Local Computer Policy -> User Configuration ->

Administrative Templates -> Control Panel -> Add or Remove Programs

ရဲ့ညာဘက် setting ထဲက Remove Add or Remove Programs ကို Double click

နှိပ်ပြီး Enable ပေးလိုက်ရင်ရပါပြီ။

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

ကွန်ပျူတာကို အချိန်နဲ့ပိတ်မယ်

ကွန်ပျူတာကို သူအလိုလိုပိတ်ဖို့ဖြစ်ပါတယ်။ တစ်ခါတစ်လေကိုယ်ကအိပ်ချင်နေပြီး

ခွေကို ဘမ်း လို့အပြီးသေးဘူး ဒါမှမဟုတ် သီချင်းနားထောင်ရင်အိပ်ချင်တဲ့သူတွေ

အတွက်အသုံးဝင်တာပေါ့ဗျာ။






လိုချင်ရင်ဒီမှာယူလိုက်ပါ

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Desktop Icon မှပြသနာများ

မိမိတို့၏ ကွန်ပျူတာ Icon ပေါ်တွင်အရိပ်များပေါ်နေတာကိုကြုံဖူးပါသလား?
အဲဒါကိုထည့်ချင်ဖြုတ်ချင်သူများအတွက်ဒီလိုလုပ်ပေါ့ဗျာ





1. Right Click My computer and choose Properties ရွေးပါ။
2. Advanced ကိုရွေးပါ။



3. Performance ထဲက setting ကိုနှိပ်ပါ။
4. Use drop shadows for icon labels on the desktop ကိုအမှတ်ပေးလိုက်ပါ။
အခုရသွားပါပြီ

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Tuesday, May 26, 2009

ကရင်လူငယ်တစ်ဦးအရိုက်ခံလိုက်ရပြန်ပြီ



မလေးရှားနိုင်ငံကွာလာလမ်ပူမြို့လယ်တွင်လူဆိုးများသောင်းကြမ်းနေပါတယ်။နေ့တိုင်းလိုလိုပင်လုယက်မှု၊ဓါးမြတိုင်မှုများ
ဖြစ်ပေါ်နေပါတယ်။လူဆိုးဂိုဏ်အများစုမှာမလေးရှားလူမျိုးများနှင့်အိန္ဒိယနိုင်ငံသားများဖြစ်ကြပါတယ်။မနေ့ကလည်းကရင်
လူငယ်တစ်ဦးအရိုက်ခံလိုက်ရပါတယ်။
သူ့ကိုမလေးလူဆိုးဂိုဏ်းမှလူငယ်သုံးဦးက၀ိုင်းရိုက်လိုက်တာဖြစ်ပါတယ်။သူ့ကိုပုလင်းနဲ့
ရိုက်ပြီးပစ္စည်းများအားလုံးကိုလုယူလိုက်ကြပါတယ်။အခင်းဖြစ်ပြီးနောက်မလေးရှားကရင်အဖွဲ့အစည်း(M.K.O)မှသွား
ရောက်ကြည့်ရူပြီးကွာလာလမ်ပူမြို့ရှိ(DHKL)ဆေးရုံးသို့အရေးပေါ်ကားဖြင့်သွားရောက်ဆေးကုပေးခဲ့ပါတယ်။

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Monday, May 25, 2009

မလေးရှားမှာ ဓါးမြများသောင်းကြမ်းနေ


သတိထားကြဗျာ.....
သူကမလေးရှားကိုကရင်ဒုက္ခသည်အဖြစ်နဲ့ရောက်နေတာ (၆)နှစ်ရှိနေပြီ အလုပ်ချိန်ကညဘက်ဆိုတော့ ဓါးမြတွေရဲ့ ရန်ကိုရှောင်တဲ့ကြားက၃ရက်ဧပြီ ၂00၉ ည(၉)နာရီမှာမမျှော်လင့်ဘဲဓါးမြတိုက်ခံခဲရတယ်။ ဆိုင်ကယ်ဦးထုပ်နဲ့အရိုက်ခံ
ရပြီးထိုးကြိတ်ကန်ကျောက်တာတွေခံခဲ့ရပါတယ်။

ခေါင်းမှာလေးချက်ချူပ်ပြီး မျက်လုံးတွေမှာလည်း ညိုမဲဖူးရောင်လို့ပေါ့။ သူ့အဖြစ်ကဆိုးပါတယ် အဲဒီညမှာဘပဲ သူ့မိန်းမ
ကို မလေးရှား လ၀က ရဲတွေကဖမ်းသွားပါလေရော...သူ့မိန်းမကိုလည်းပြန်ရွေးလို့မရပါဘူး။

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

ကရင်စကားပြန်အလိုရှိသည်

Urgently,

Dear Karen Friends,

In Malaysia there are around 6000 Karen and majority of them are illegal and live in the jungle of Malaysia . They are always chasing by the Malaysian police and if captured they are in serious situation.

Malaysia Karen Organisation (MKO) is trying to help them as much as they can. They are now trying to register them with UNHCR for a possibility to be resettled in the countries. However, due to the storage of Karen people who can speak both Karen and English and the majority of Karen cannot speak or understand Burmese, they have a big problem to fulfil the UNHCR's criteria.

This week Tuesday Malaysia UNHCR required 20 Karen Interpreters who speak both good English and Karen. Therefore, MKO would like to invite any Karen who would like to come and help our fellow Karen who live in the jungle in Malaysia .

Our fellow Karens in Malaysia are in serious situation. If you would like to find out more or want to go and help them, please contact MKO Chairperson Mahn Sein Than on +60... or you can email him at mahnseinthan2007@yahoo.com


Please pass this information on. Also if you have any other idea or suggestion how we Karen communities around the world could do to help to raise awareness about this situation please contact me.

In solidarity,

Nant Bwa Bwa Phan
Vice Chairperson
Karen Community Association UK

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Firefox ရဲ့ Keyboard shorcuts key များ

Ctrl + D = bookmark ထဲသို့ထည့်ပေးမည်။နောက်သို့ပြန်သွားမည်။
Ctrl + I = bookmark လုပ်ပေးမည်။
Ctrl + W = tab ကိုပိတ်ပေးမည်။
Ctrl + Shift + W = windows ကိုပိတ်ပေးမည်။
Ctrl + Enter = (.com) domain ပေါင်းထည့်ပေးမည်။
Shift + Enter = (.net) domain ပေါင်းထည့်ပေးမည်။

Ctrl + Shift + Enter = (.org) domain ပေါင်းထည့်ပေးမည်။
Ctrl + C = (copy) မိတ္တူကူးပေးမည်။
Ctrl + X = (cut) Clipboard ပေါ်ခေတ္တတင်းပေးမည်။
Ctrl + V = (paste) ရွေးချယ်ထားသော item ကိုပြန်လည်နေရာချပေးမည်။
Ctrl + (+) = စာသားများကြီးလာမည်။
Ctrl + (-) = စာသားများသေးလာမည်။
Del = ဖျက်ပေးမည်။

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

ဗိုလ်ချုပ်ကြီးစောဘိုမြကိုယ်ရေးအကျဉ်း


၁၉၂၇ ခုနှစ်ဇန်န၀ါရီလ (၂၀) ရက်နေ့တွင်ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထီးမူခီးရွာတွင်မွေးဖွားခဲ့ပါသည်။ ၁၉၃၆ ခုနှစ်ဖာပွန်မြို့တွင် မူလတန်းပညာသင်ကြားခဲ့သည်။

၁၉၄၂ခုနှစ်တွင်ဂျပန်ခေတ်တွင်Forceof(၁၃၆)တွင်အမှုထမ်းခဲ့ပြီး၁၉၄၅ခုနှစ်တွင်အထူးရဲတပ်ဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။


၁၉၄၉တွင်ကရင့်တော်လှန်ရေးသို့စတင်ဝင်ရောက်ပြီးဒိုက်ဦး၊ပြွန်တန်ဆာ၊ညောင်လေးပင်တိုက်ပွဲတွင်တပ်ကြပ်၊၁၉၄၉ခုနှစ်တပ်ကြပ်ကြီး၊
သံလွင်တပ်ရင်း၊၁၉၅၀ ခုနှစ်တပ်ခွဲမှူး၊ ၁၉၅၆ ခုနှစ်တပ်ရင်းမှူး၊ ကရင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တပ်ရင်း(၁)ဖာပွန်၊ ဖားအံ၊ ဒူပလာယာ ၁၉၅၈ ခုနှစ်ဇုံမှူး၊ ဗိုလ်မှူး၊၁၉၆၃ခုနှစ်ဗဟိုကော်မတီဝင် (ကေအဲန်ယူပါတီ) စစ်တိုင်းမှူး (ဗိုလ်မှူးချုပ်)၁၉၆၅ ခုနှစ်ကေအဲန်ယူပါတီမှခွဲထွက်ခဲ့သည်။၁၉၆၆ခုနှစ်ကောင်စီဥက္ကဌ(ကရင်အမျိုးသားလွတ်မြောက်ရေးကောင်စီ)စ်ဘက်တွင်စစ်ဦးစီးချုပ်
၁၉၆၈ခုနှစ်ဒုက္ကဌ(ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေးတပ်ဦး)စစ်ဘက်တွင်စစ်ဦးစီချုပ်။၁၉၇၆မှ၂၀၀၀ခုနှစ်ဥက္ကဌ (ကေအဲန်ယူ) စစ်ဦးစီးချုပ် (ကေအဲန်အယ်လ်အေ)၂၀၀၁မှ၂၀၀၄ခုနှစ်ဒုဥက္ကဌ(ကေအဲန်ယူ)စစ်ဦးစီးချုပ် (ကေအဲန်အယ်လ်အေ)၀၀၅ မှ၂၀၀၆ ခုနှစ်ကာကွယ်ရေးဦးစီးချုပ် (ကေအဲန်အယ်လ်အေ)၁၉၇၇မှ၁၉၈၇ခုနှစ်ဥက္ကဌ (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) ၁၉၈၈ ခုနှစ် မှ ၂၀၀၄ ခုနှစ် ဥက္ကဌ(ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ) ၂၀၀၄ မှ ၂၀၀၆ ခုနှစ်နာယက(ပြည်

ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ) (ဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ်)

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

Sunday, May 24, 2009

ကရင်အမျိုးသားတစ်ဦးဖြစ်သည့်……စောနိုးလေး (ခေါ်) ချစ်စမ်းမောင်

အောင်မြင်ကျော်ကြားသည့် ဂီတလောကသားပင်ဖြစ်သော်လည်း အကျင့်စာရိတ္တတွင် ချီးကျူးဂုဏ်ယူထိုက် သည့် ဂီတသမားတစ်ဦးဖြစ်သည်။ အရက်သေစာ၊ ဆေးလိပ်၊ ကွမ်းစသည်တို့ မှီဝဲသောက်သုံးမှုမှကင်းသည်။ စိတ်ရှည်သည်၊ သည်းခံစိတ်ရှိသည်၊ မိမိအလုပ်ပေါ်တွင် စူးစိုက်စွာလုပ်တတ်သည်။


ချစ်စမ်းမောင်ရဲ့ အနုပညာသုခုမ ဂီတာတီးဟန်

အောင်မြင်ကျော်ကြားသည့် ဂီတလောကသို့ ရောက်ရှိအောင် ပို့ဆောင်ဆတွန်းတင်ခဲ့သည့် သူ၏ဆရာသမား များမှာ ဆရာစောဘွဲကမှူး၊ ဆရာကိုစိုင်း၊ ဆရာကျော်မင်းမောင်နဲ့ အစ်ကိုတော်နှစ်ယောက်တို့ဖြစ်ကြသည်။ တေးဂီတလောကသို့ ၁၉၈၉-ခုနှစ်တွင် ရောက်ရှိပြီး စိုးသူ၊ ချစ်ကောင်း၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဇော်ပိုင်စသည့် နာမည်ကြီးအဆိုတော်တို့သည် Iron Cross တေးဂီတနှင့်တွဲဖက်သီဆိုကြကာ ထိုက်တန်သည့် စတီရီယိုတေး လောကတွင် ထူးကဲသည့်နေရာများရရှိခဲ့ကြသည်။ မြန်မာပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ ဖိတ်ခေါ်ခံရ သည့်တေးဂီတအဖွဲ့ဖြစ်ပါသည်။

၁၉၉၅-ခုနှစ်တွင် စင်္ကာပူ၊ ၁၉၉၆-ခုနှစ်တွင် ဂျပန်၊ ၁၉၉၈-ခုနှစ်တွင် ကိုးရီးယား၊ အမေရိကန်နှင့် မလေးရှား၊ ၂၀၀၄-ခုနှစ်တွင် စင်္ကာပူ၊ ၂၀၀၅-ခုနှစ်တွင် မလေးရှားနိုင်ငံများတို့တွင် ဖိတ်ခေါ်ခံရပြီး ဖျော်ဖြေတင်ဆင်ခဲ့ ပါသည်။ ကရင်အမျိုးသားရေးအတွက် ဖားအံမြို့၊ အိမ်မဲမြို့၊ သမိုင်းခ၀ဲခြံတို့တွင် တီးခတ်ဖျော်ဖြေခဲ့ပါသည်။ အမျိုးသားရေးအတွက် ဆောင်၇ွက်ရမည်ဆိုလျှင်လည်း မဆိုင်းမတွ ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးပါပင်။

သူ၏ဇနီးမှာ နော်ခင်ခင်မိုးဖြစ်ပြီး သားစောမိုးဇက်အောင်၊ သမီးခင်စန္ဒာမောင်နှင့် ခင်ကက်သလင်းမောင်တို့ နှင့်အတူ အမှတ် ၁၀၈၊ အင်းစိန်လမ်းမကြီး၊ မရမ်းကုန်းမြို့နယ်တွင် မိသားစုများနှင့် နေထိုင်ပြီး PTL စတူဒီ ယိုကိုလည်း ထူထောင်ဖွင့်လှစ်ထားသည်။
ထို့ကြောင့်ပင် ကရင်အမျိုးသားတစ်ဦးဖြစ်သည့် စောနိုးလေး (ခေါ်) ချစ်စမ်းမောင်သည် ဟိုး……..မိုးမြင့်က ထွန်းတောက်သည့် ကြယ်ကလေးတစ်ပွင့်…ဟု တင်စားခေါ်ဝေါ်ရမည်ဆိုလျှင် မှားမည်မထင်………

ကရင်လူငယ်များ အတုယူနိုင်ကြပါစေ….

စောလင်းနက်စ်
(ကရင်ကြေးမုံစာအုပ်မှ ကူးယူဖေါ်ပြသည်)

ဆက်ဖတ်ဖို့ တစ်ချက်နှိပ်ပါ....

 
©2009 စောဇော်လတ် | by TNB