Sunday, July 5, 2009

ကျွန်တော်၏ညီအစ်ကို DKBA ထံသို

နအဖသည်၂၀၁၀ရွေးကောက်ပွဲအတွက်နှင့်စစ်အာဏာတည်တံ့ရေးအတွက်အပစ်အခတ်ရပ်စဲထားသောငြိမ်းချမ်းရေးလက်နှက်ကိုင်အဖွဲ့
များကို နယ်ခြားစောင့်တပ်( Border Guard Force)အဖြင့်ပြောင်းလဲပြီးနအဖ၏စစ်တိုင်းအောက်တွင်ထားရှိရန်ဧပြီလမှစတင်ပြီး ဗိုလ်ချုပ်ရဲမြင့်မှတဆင့် စည်းရုံးစေခဲ့ပါသည်။
ငြိမ်းချမ်းရေးအဖွဲ့များထဲတွင်ဝပြည်ညီညွတ်ရေးတပ်မတော်(UWSA)သည်အင်အားအကြီးဆုံးဖြစ်ပြီး DKBA သည်ဒုတိယအင်အား
အကြီးဆုံးဖြစ်ပါသော်လည်း နအဖ၏ကမ်းလှမ်းချက်ကိုအရင်ဆုံးလက်ခံခဲ့ပါသည်။ ၀ပြည်ညီညွတ်ရေးတပ်မတော်သည်စစ်သည်
အင်အားတောင့်တင်းသလို နိုင်ငံရေးလည်း ကစားနိုင်သောအဖွဲ့ဖြစ်ပါသည်။ နအဖ၏ ဗျုဟာဖြစ်သော လွှမ်းမိုးပပျောက်ရေး
ကိုသိနေသာ “၀” အဖွဲ့များအပါအ၀င် အခြားငြိမ်းချမ်းရေးအဖွဲ့များသည် နအဖ၏ကမ်းလှမ်းချက်နှင့် ခြေလှမ်းများကို သတိဖြင့်
ချက်ခြင်းမတုံ့ပြန်ဘဲ ပြည်တွင်းရေးနှင့် နိုင်ငံရေးအခြေအနေကိုလေ့လာပြီး ပြည်သူလူထုထံမှသဘောထားကို တောင်းယူပြီးမှ နအဖ၏ ကမ်းလှမ်းချက်ကိုပယ်ချခဲ့ပါသည်။ ကချင် နှင့် ကိုးကန့် အဖွဲ့လည်း နအဖ၏ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါသည်။ ကိုးကန့်
အဖွဲ့၏ ကြောင်းပြချက်မှာ နိုင်ငံရေးအမျှော်အမြှင်ရှိမူ့ကိုဖေါ်ပြနေပါသည်။ ကိုးကန့်အဖွဲ့၏ အကြောင်းပြချက်မှာ“လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြသာနာတွေရှင်းရှင်းလင်းလင်းမဖြစ်ဘဲနဲ့ဘာမှမဆုံးဖြတ်နိုင်ဘူး”မှန်ပါသည်လက်နက်ကိုင်အဖွဲ့များ၏ရှေ့ရေးသည်နိုင်ငံရေး
ချေအနေပေါ်မူတည်နေပါသည်။ ကျွန်တော်၏ညီအကို DKBA အနေဖြင့် လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးကိုသေချာစွာ သုံးသပ်ပြီး
မှအဖွဲ့အစည်းအနာဂတ်ကိုဆုံးဖြတ်သင့်ပါသည်။ နအဖခိုင်းတဲ့အတိုင်း လုပ်နေရသည်ကိုမြင်ရသဖြင့်များစွာဝမ်းနည်းရပါသည်။
စစ်အစိုးရက KNU ကိုနှစ် ၆၀ အတွင်းမည်ကဲ့သို့စစ်ဆင်ခဲ့သည်ကို ပြန်လည်သုံးသပ်သင့်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ငှက်ဖျားရောဂါများပြားသောနယ်မြေကို မိုးတွင်း ၌ တစ်ခါမှစစ်ဆင်ရေးမလုပ်ဘဲ အခုမှ DKBA ကိုစစ်ဆင်ရေးလုပ်ခိုင်း
သည့်ကြောင်းအရာကို စဉ်းစားသင့်ပါသည်။ လက်ရှိဖြစ်ပေါ်နေသော နအဖ၏ နိုင်ငံရေးပြဿနာများ၊ နအဖ၏ကမ်းလှမ်းချက်ကို ငြင်းဆိုနေသော ၀၊ ကချင်၊ ကိုးကန့် အဖွဲ့များ၊နအဖ၏ကမ်းလှမ်းချက်ကို လုံးဝမတုံ့ပြန်သေးသော ကယန်းပြည်သစ်တပ်၊ကုလသမဂ္ဂ
ချမှတ်လိုက်သော မြောက်ကိုရီးယား ကိုအရေးးယူမူ့များ၊ နအဖ နှင့် မြောက်ကိုရီးယား ၏ပတ်သက်မူ့နှင့် ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံ၊ အဆိုပါ နအဖ၏ပြဿနာများကို DKBA မှ အာရုံမပြုမိစေရန် မိုးတွင်းမရှောင်စစ်ဆင်ရေးများလုပ်ခိုင်းနေပါသည်။ ၂၀၁၀ မတိုင်မှီ KNU ကိုအမြစ်ပြတ်ရှင်းလင်းရေးသည် ဖြစ်နိုင်မူ့ရှိမရှိ DKBA စစ်ဖက်ခေါင်းဆောင်များ လေ့လာသုံးသပ်သင့်ပါသည်။ မဆလခေတ်၊ န၀တခေတ် နှင့် နအဖခေတ်တွင် KNU ကိုမီးကုန်ယမ်းကုန် စစ်ဆင်ခဲ့သော်လည်း KNU ကိုမရှင်းနိုင်ခဲ့ပါ။ ထို့အပြင် KNU မှကျင့်သုံးနေသောပြောက်ကျားစနစ်ကို စစ်ဆင်ရေးဖြင့် ချေမှုန်း ၍ ရနိုင်မရနိုင်သည်ကို DKBA မှခေါင်းဆောင်များစဉ်းစားတတ်ဖို့
လိုပါသည်။ အမေရိကန်အရှုံးပေးခဲ့ရသော ဗီယက်နမ်စစ်ကိုလေ့လာသင့်သလို ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံရေးကိုလည်း မျက်ချြေမပြတ်သင့်ပါ။


DKBA ကို နအဖ မှမည်မျှတန်ဖိုးထားသည်ကို DKBA ခေါင်းဆောင် နှင့် ရဲဘော်များပါနားလည်သင့်ပါပြီ။ ၂၀၀၄ ခုနှစ်တွင်းDKBA ပိုင်မော်တော်ကားအစင်း ၁၂၀ ကျော် သိမ်းပြီးစီးပွါရေးလုပ်ပိုင်ခွင့်များ ရုပ်သိမ်း ကန့်သတ်မူ့များကို သတိရသင့်ပါသည်။သာသနာကို
အသက်ဖြင့်လဲ ၍ကာကွယ်မည်ဟုကြွေးကြော်ခဲ့သော DKBA အနေဖြင့်၂၀၀၇သံဃာအရေးအခင်း၊သာမညဆရာတော်၏ရုပ်အလောင်း
တော်ကို ဖျက်ဆီးခြင်းမှမကာကွယ်နိုင်ခြင်းများကို ပြန်လည်သုံးသပ်ပြီး အဖွဲ့အစည်း၏ရပ်တည်ချက်ကိုပြုပြင်သင့်ပါပြီ။ DKBAပေါ်တွင်
ထားရှိသော နိုင်ငံတကာ သဘောထားနှင့် ကရင်ပြည်သူများ၏သဘောထားများကိုဂရုမစိုက်ပါက အဖွဲ့အစည်းအနေဖြင့်ရေရှည်ရပ်
တည်နိုင်ရန်မဖြစ်နိုင်ပါ။ ဥရောပသမဂ္ဂ၏ဝေဖန်မူ့ကို နအဖမှဖြေရှင်းခဲ့သည်မှာ “ KNLA ၏ တပ်မဟာ (၇) တွင်ဖြစ်နေသောတိုက်
ပွဲသည် ကရင်အချင်းချင်း ဖြစ်နေသောတိုက်ပွဲဖြစ်ပါသဖြင့် နအဖ နှင်မသက်ဆိုင်ပါ။”နအဖ က DKBA ကိုစစ်ရာဇ၀တ်တရားခံ ဖြစ်အောင်တွန်းပို့နေသည်ကို DKBA ခေါင်းဆောင်သာမက ရဲဘော်များပါ နားလည်တတ်ဖို့လိုပါပြီ။ ပြည်သူလူထု၏ ခံစားရသော
ဒုက္ခနှင့် ဆုံရှုံးမူ့များကို DKBA မှဂရုမစိုက်ပါက နအဖ နှင့်အတူ စစ်ရာဇ၀တ်တရားခံဖြင့်နိဂုံးချုပ်နိုင်ပါသည်။

တိုက်ပွဲတွင်ဒဏ်ရာရသော DKBA ရဲဘော်များနေဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံနှင့်ဒေါက်တာစင်သီယာဆေးရုံတွင်လာရောက်ကုသ
ခြင်းသည် လုံးဝမဖြစ်သင့်သောကိစ္စတစ်ခုဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ တိုက်ပွဲတွင်ကျဆုံးရဲဘော်နှင့် ဒဏ်ရာရသောရဲဘော်များ
ကို နအဖ မှတာဝန်ယူသင့်ပါသည်။ နအဖအနေဖြင့် DKBA အပေါ် ရဲဘော်ရဲဘက်စိတ်ထားရှိပါက ရွှေကုက္ကိုရှိဆေးရုံကို စစ်ဆင်ရေး
မစခင် တိုးချဲ့မြှင့်တင်ရပါမည်။ မြ၀တီဆေးရုံကြီးကိုလည်း ကြိုတင်ပြင်ဆင်မူ့များ လုပ်ထားရပါမည်။ လိုအပ်ပါက ဒဏ်ရာရစစ်သည်
များကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် သယ်ယူကုသရန် DKBA ခေါင်းဆောင်များက နအဖထံတောင်းဆိုသင့်ပါသည်။
တိုက်ပွဲတွင်ဒဏ်ရာရသော DKBA ရဲဘော်များ အကူအညီမဲ့နေခြင်းသည် နအဖတွင်လုံးဝတာဝန်ရှိပါသည်။

နယ်ခြားစောင့်တပ်နေဖြင့်အလွယ်တကူလက်ခံခြင်းသည် မဟာအမှားတခုဖြစ်သုံးသပ်မိပါသည်။ ဖြစ်သင့်သည်မှာအခြားငြိမ်းချမ်းရေး
လက်နှက်ကိုင်အဖွဲ့များကိုဆက်သွယ်ပြီး နအဖ အားတညီတညွတ်တည်း တုံ့ပြန်သင့်ပါသည်။ DKBA အနေဖြင့်အမြင်မှန်ရပါက
နအဖ၏သဘောထားကိုထောက် ၍သော် ၎င်း၊ မငြိမ်မသက်ဖြစ်နေသောနိုင်ငံရေးအခြေအနေများကိုထောက်၍သဘောထားပြင်ဆင်ရန်
အချိန်မနှောင်းသေးပါ။


DKBA ပေါ်တွင်ထားရှိသော နအဖ ၏သဘောထားမှန်ကို DKBA များနားလည်သင့်ပါပြီ။ထိုထက်မက နအဖ၏အခြေအနေသည် မြုပ်နေသာ သင်္ဘောတစ်စင်း ဖြစ်ကြောင်းကိုသိမြင်နားလည်ဖို့ အရေးကြီးပါသည်။ နအဖ နှင့် အချိန်မှီလမ်းမခွဲနိုင်ပါက DKBA ၏အနာဂတ်နအဖ နှင့်အတူ ဇာတ်သိမ်းမလှဖြစ်ရန် နီးကပ်နေပါပြီ။အမှန်ကိုမြင်အမှားကိုပြင်လျှက်ဆက်လက်ရှင်သန်နိုင်ပါစေ

ဖူးဒို
၎.၇.၂၀၀၉

0 comments:

Post a Comment

 
©2009 စောဇော်လတ် | by TNB